ကမ္ဘာအကြီးဆုံးမြေပုံစာအုပ်ဟု သတ်မှတ်နိုင်သော( EARTH PLATINUM) မြေပုံကို ဇူလိုင် ၁၂ရက်က လန်ဒန်ရှိဗြိတိသျှပြတိုက်တွင်ပြသခဲ့သည်။ထိုမြေပုံစာအုပ်သည် ကမ္ဘာပေါ်တွင်ရှိနေသမျှကော်ပီ ၃၁ အုပ်မှတစ်ခုအပါအ၀င်ဖြစ်သည်။အလျား ၁ ဒသမ ၈၅၄ မီတာနှင့်အနံ ၁ ဒသမ ၄၅ မီတာရှိကာ အထူ ၆စင်တီမီတာရှိသော ထိုမြေပုံစာအုပ်သည်အလေးချိန် ၂၀၀ကီလိုဂရမ်ရှိသည်။
မြေပုံစာအုပ်ကိုသယ်ယူရန် စာကြည့် တိုက်ဝန်ထမ်း ၆ဦး လိုအပ်သည်။ကမ္ဘာတစ်ဝန်းမှမြေပုံပညာရှင် ၈၈ ဦး ပါဝင်ရေးဆွဲသောမြေပုံစာအုပ်ကိုအီတလီနိုင်ငံတွင်ပုံနှိပ်ကာ ဟောင်ကောင်တွင် စာအုပ်ချူပ်လိုက်သည်။မြေပုံတွင် စာမျက်နှာ ၁၂၈မျက်နှာပါဝင်သည်။စာအုပ်တန်ဖိုးဒေါ်လာတစ်သိန်းဖြင့် (Millennium House)အင်္ဂလန်ကထုတ်ဝေလိုက်သည်။ယခင်ကကမ္ဘာ့အကြီးဆုံးဟုသတ်မှတ်ခံရသောမြေပုံစာအုပ်မှာဗြိတိသျှ
စာကြည့်တိုက်တွင်ထိန်းသိမ်းထားသော ၁၆၆၀ခုနှစ်ပတ်ဝန်းကျင်က (Klencke Atlas)မြေပုံစာအုပ်ဖြစ်သည်။
