ကမ္ဘာ့ပထမဆုံး.....ကင်မရာ
သစ်သားပုံဖြင့်တည်ဆောက်ထားပြီး ဘေးတိုက်လျှောထုတ်ဆွဲဖွင့်ရသည့်
"ကမ္ဘာ့ပထမဆုံးကင်မရာ" ကို ၂၀၀၉ မေလအတွင်း မကာအိုတွင်ပြသခဲ့သည်။ထိုကင်မရာကို
"ဓာတ်ပုံပညာကို တီထွင်ခြင်းနှင့် မကာအို၏အစောပိုင်းဓာတ်ပုံများ"
ပြပွဲတွင်ပြသခဲ့ခြင်းဖြစ်သည်။ပြပွဲကို မကာအိုပြတိုက်နှင့်ြ့ပင်သစ်နိုင်ငံမှ ဓာတ်ပုံပညာရှင်
နီဆတ်ဖိုရ်နစ်ပ်စီ
အထိမ်းအမှတ်ပြတိုက်တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ပထမဆုံးကင်မရာသည် ၁၈၂၇ တွင်တီထွင်သူ
ဂျိုးဆက်နီဆတ်ဖိုရ်နစ်ပ်စီက သတ္တုပြားပေါ်မြင်ကွင်းပုံရိပ်သေကိုအောင်မြင်စွာ ဖမ်းယူရိုက်ကူးပြရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး သူ့ကိုလည်းဓာတ်ပုံပညာရှင်၏ဖခင်ကြီးအဖြစ်သတ်မှတ်ခဲ့ကြသည်။ပထမဦးဆုံးရှုခင်းဓာတ်ပုံကို
၁၈၂၆ ခုနှစ်တွင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ထိုပြပွဲတွင် ပထမဦးဆုံးကင်မရာနဲ့အတူ ပေါ်ဦးစကင်မရာအလုံး
၂၀ခန့်ကိုလည်းပူးတွဲပြသခဲ့သည်။တရုတ်နိုင်ငံသို့ဓာတ်ပုံကင်မရာ
၁၈၄၄တွင် ထိုစဉ်ကပြင်သစ်လူမျိုးဂျူးအစ်တီယာက မကာအိုမြို့တော်၏ဓာတ်ပုံများကို ပထမဦးဆုံးရိုက်ကူးခဲ့ကြောင်း ပြပွဲစီစဉ်သူများကပြောကြားသည်။